SIGN UP FOR THE NEWSLETTERS

Sign up for our newsletter and get the great deal right in you

ခန္ဓာကိုယ်အမျိုးအစားအလိုက် ရွေးချယ်ဝတ်ဆင်သင့်တဲ့ ဖက်ရှင်များ

Home / Blogs / ခန္ဓာကိုယ်အမျိုးအစားအလိုက် ရွေးချယ်ဝတ်ဆင်သင့်တဲ့ ဖက်ရှင်များ

RENÉ Mattias ချစ်သူလေးတို့က ဘယ်လို ခန္ဓာကိုယ် အမျိုးအစားလဲ ဆိုတာ မသိချင်ဘူးလား?

ခန္ဓာကိုယ် အချိုးအစားကို သိမယ် ဆိုရင်တော့ ဖက်ရှင်မှာ ပိုမိုစမတ်ကျပြီး အဝတ်အစား ရွေးချယ်တဲ့အခါ ပိုမို လွယ်ကူ စေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် RENÉ Mattias က ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားကို သိပြီး ဘယ်လို ဝတ်ဆင် သင့်လဲ ဆိုတဲ့ လျှို့ဝှက်ချက် လေးတွေကို ပြောပြပေးမှာ ဖြစ်လို့ ဆက်လက် ဖတ်ရှု လိုက်တော့နော်။ 
ပထမဆုံး ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားကို သိနိုင်ဖို့ ဆိုရင်တော့ "ပုခုံး၊ ခါးနဲ့ တင်" ကို အဓိက ကြည့်ရမှာပါ။ အဲလို ကြည့်ဖို့အတွက် RENÉ Mattias မှ အကြံပေး လိုတာက အားကစား ဝတ်စုလို ကိုယ်ကျပ် လေးတွေ ဝတ်ပြီး "ပုခုံး၊ ခါးနဲ့ တင်" ရဲ့ ခန္ဓာကိုယ် အချိုးတွေကို ပေကြိုးနဲ့ တိုင်းကြည့်ပါ။ တွေ့ရအများဆုံး ခန္ဓာကိုယ် အချိုးအစား လေးတွေကို ဖော်ပြပေးထားတာ ဖြစ်လို့ ကိုယ်က ဘယ်လို အချိုးအစားလဲ ဆိုတာကို အောက်က အချက်လေးတွေနဲ့ တိုက်ကြည့်ပြီး ပိုမို ယုံကြည်မှု ရှိရှိ ဖက်ရှင်ကျနိုင် ကြပါစေနော်။ 


(၁) Rectangle ပုံစံ ခန္ဓာကိုယ် 

"ပုခုံး၊ ခါးနဲ့ တင် အတိုင်းဟာ တူသလောက်ရှိကာ တစ်ဖြောင့်တည်း" ဖြစ်နေတယ် ဆိုရင်တော့ RENÉ Mattias ချစ်သူလေးက Rectangle ပုံစံ ခန္ဓာကိုယ် ပိုင်ဆိုင်သူပါ။ အဲလို ခန္ဓာကိုယ် အမျိုးအစား တွေက အချိုးအစား ကျအောင် ဝတ်ဆင်ချင်တယ် ဆိုရင် ခါးကို ပိုမို ပေါ်လွင်အောင် ဝတ်ဆင် သင့်ပါတယ်။ ဥပမာ - ခါးကြိုးချည်ရတဲ့ ဂါဝန်တွေ၊ ခါးပတ် အကြီးကြီးနဲ့ ခါးမှာ ကျပ်သွားအောင် ဝတ်ဆင်တာမျိုး၊ ပုခုံးအသားပေးတဲ့ လက်ဖောင်း အင်္ကျီတွေ၊ နောက်ပြီး ပုခုံးတစ်ဖက်တည်းကို အသားပေးပြီး လက်တစ်ဖက်တည်း ပါတဲ့ အင်္ကျီမျိုးတွေ၊ နောက်ပြီး Flare Pants နဲ့ Bell Pants လို အောက်ဂာား ဘောင်းဘီတွေ စတဲ့ အောက်ပိုင်းကို ပိုမို အသားပေးပြီး ဝတ်ဆင်ခြင်းမျိုး ပြုလုပ် သင့်ပါတယ်။

 

(၂) Inverted Traingle ပုံစံ ခန္ဓာကိုယ် 


Inverted Traingle ပုံစံ ဆိုတာ ကတော့ တြိဂံ ပြောင်းပြန် ပုံစံ ခန္ဓာကိုယ်လို့ ဆိုကြပါတယ်။ Inverted Traingle ပုံစံ ခန္ဓာကိုယ် ပိုင်ဆိုင် သူတွေဟာ "အပေါ်ပိုင်း ပုခုံးပြင် ကျယ်ပြန့်တယ်၊ သိမ်တဲ့ခါး ရှိပြီးတော့ တင်ဟာ ဆိုရင် ပုခုံးထက် ကျဉ်းပါတယ်"။ အပေါ်ပိုင်း ကျယ်ပြီး အောက်ဖက် ရှူးသွားတဲ့ ခန္ဓာကိုယ် မျိုးပဲ ဖြစ်ပါတယ်။ အဲလို ခန္ဓာကိုယ် ပုံစံကို ပိုင်ဆိုင် သူတွေက အပေါ်ဖက်က ရှင်းလင်းတဲ့ အဝတ်အစားမျိုးနဲ့ အောက်ဖက်ကို အသားပေးတဲ့ စတိုင်လ်မျိုးကို ရွေးချယ်မှသာ ခန္ဓာကိုယ် အချိုးအစား မျှတပြီး လှပ နေမှာပဲ ဖြစ်ပါတယ်။ ဥပမာ - အောက်ဖက် ကားသွားတဲ့ ဂါဝန်၊ စကတ်နဲ့ ဘောင်းဘီတွေကို ရွေးချယ် ဝတ်ဆင်ပါ။ သတိထား ရမှာက Inverted Traingle လေးတွေက ပုခုံးကို ပိုကျယ်စေတဲ့ လက်ဖောင်း အင်္ကျီတွေနဲ့ လုံးဝ မလိုက်ဖက်သလို အောက်ရှူးတဲ့ ဘောင်းဘီတွေ၊ စကပ်တွေကို ရွေးချယ်တဲ့ အခါလည်း လိုက်ဖက် ညီဖို့ သေချာ ဝတ်ဆင် သင့်ပါတယ်။

 

(၃) Hourglass ပုံစံ ခန္ဓာကိုယ် 


"ပုခုံးနဲ့တင် အတိုင်းဟာ တူညီပြီး ခါးသွယ်တဲ့" ခန္ဓာကိုယ် အမျိုးအစား တွေကိုတော့ သဲနာရီ ပုံစံ Hourglass ခန္ဓာကိုယ်လို့ ခေါ်ကြပါတယ်။ အဲလို ခန္ဓာကိုယ် ပိုင်ဆိုင် သူလေးတွေက သဘာဝအတိုင်း အချိုးအစား ကျတဲ့ ခန္ဓာကိုယ် ပိုင်ရှင် လေးတွေပဲ ဖြစ်ပါတယ်။ ဒီလို ခန္ဓာကိုယ် ပိုင်ရှင် RENÉ Mattias ချစ်သူလေးတွေ အနေနဲ့ ရွေးချယ် ဝတ်ဆင် သင့်တဲ့ အဝတ်အစား တွေကတော့ ခန္ဓာကိုယ်ကို ပေါ်လွင်စေတဲ့ ကိုယ်ကျပ် ဂါဝန်လေးတွေ၊ Wrapped Dress တွေနဲ့ ခါးမြင့် ဘောင်းဘီ၊ Pencil စကပ် လေးတွေ စတဲ့ ခန္ဓာကိုယ် ကောက်ကြောင်းတွေ ပေါ်လွင်စေတဲ့ အဝတ်အစားတွေ ဝတ်ဆင်မယ် ဆိုရင်တော့ ဖက်ရှင်ကျသူ တစ်ယောက် ဖြစ်နေမှာ သေချာတယ်နော်။

 

(၄) Pear ပုံစံ ခန္ဓာကိုယ် 


Pear ပုံစံ ခန္ဓာကိုယ် ဆိုတာ ကတော့ သစ်တော်သီး ပုံစံ ဖြစ်ပြီး "အပေါ်ပိုင်းက သေးသွယ်ကာ အောက်ဖက်က ပိုကြီးတဲ့" ခန္ဓာကိုယ် အမျိုးအစားတွေကို ပြောတာပဲ ဖြစ်ပါတယ်။ ဒီလို Pear ပုံစံ ခန္ဓာကိုယ် ပိုင်ဆိုင် သူလေးတွေက အချိုးအစား ကျတဲ့ ဖက်ရှင် ဖြစ်ဖို့ အဝတ်အစား ရွေးချယ် တော့မယ် ဆိုရင်တော့ အပေါ်ပိုင်းကို ပိုမို အားစိုက် ထုတ်သင့်ပါတယ်။ ဥပမာ - လက်ဖောင်း အင်္ကျီတွေ၊ အပေါ်ပိုင်းမှာ အတွန့်အဖတ် တွေနဲ့ ဖန်တီးထားတဲ့ ဘဘောက်စ်တွေ၊ ဆင်နားရွက်လက် အင်္ကျီမျိုးတွေနဲ့ ပုခုံးကို အသားပေး ထားတဲ့ ကုတ်အင်္ကျီတွေကို ရွေးချယ် သင့်ပါတယ်နော်။ 
ကဲ… ခန္ဓာကိုယ်ကို သိပြီး အချိုးအစားကျတဲ့ အဝတ်အစား ရွေးချယ်မှု ပြုလုပ်မှသာ နေ့ရက်တိုင်းမှာ လှပကျော့ရှင်းပြီး ယုံကြည်မှု အပြည့်နဲ့ ဖြတ်သန်းနိုင်မှာ ဖြစ်လို့ ကိုယ့်ရဲ့ ခန္ဓာကိုယ်အလိုက် လိုက်ဖက်တဲ့ ဖက်ရှင်တွေကို RENÉ Mattias မှာ ရှာဖွေ ဝတ်ဆင် လိုက်ကြစို့နော်။