SIGN UP FOR THE NEWSLETTERS

Sign up for our newsletter and get the great deal right in you

ဖက်ရှင်မှာ အထာကျစေဖို့ အရောင်တွေကို ဘယ်လို တွဲစပ်ဝတ်ဆင်ရမလဲ?

Home / Blogs / ဖက်ရှင်မှာ အထာကျစေဖို့ အရောင်တွေကို ဘယ်လို တွဲစပ်ဝတ်ဆင်ရမလဲ?

တစ်နေ့တာကို စတင်တဲ့အခါ အဝတ်အစားတွေကို တွဲစပ် ဝတ်ဆင်ရတာက အမျိုးသမီးများအတွက် နေ့ရက်တိုင်း Challenge ဖြစ်စရာပါ။ ဒီလို Challenge နဲ့ ပတ်သက်ပြီး အများကြီးစဉ်းစားစရာမလိုဘဲ ရိုးရိုးရှင်းရှင်း လွယ်လွယ်ကူကူနဲ့ လိုက်ဖက်တဲ့ အဝတ်အစားဆင်ယင်မှုကို ရွေးချယ်နိုင်ဖို့အတွက် RENE Mattias မှ အရောင်အတွဲအစပ်လေးတွေကို အကြံပေးဝေမျှသွားမှာ ဖြစ်ပါတယ်။

အရောင်ဆိုတာ လိုက်ဖက်စွာ ဝတ်ဆင်တတ်လေ၊ ပိုပြီး အထာကျလေပါပဲ။ ဒါကြောင့် အရောင်အတွဲအစပ် လေးတွေမှာ အရေးကြီးဆုံး Color Wheel ကို အရင်ဆုံး နားလည်အောင် ကြည့်ဖို့လိုပါတယ်နော်။


(၁) Cool Color နဲ့ Warm Color ကို ဘယ်သူတွေ ရွေးချယ်သင့်လဲ?

ဒီ Color Wheel မှာ ဆိုရင် ယေဘုယျအားဖြင့် Cool Color အမြင်အေးမြစေတဲ့အရောင်၊ Warm Color ကတော့ တောက်ပပြီး လင်းလင်းလေးတွေ ဖြစ်တဲ့အရောင် ဆိုပြီးခွဲနိုင်ပါတယ်။ ဒါက အသားအရည်ရဲ့ အရောင်တွေဖြစ်တဲ့ Cool Skin Tone နဲ့ Warm Skin Tone ပိုင်ဆိုင်သူတွေအတွက် အဓိကထား ရွေးချယ်ဖို့အတွက် အဆင်ပြေစေပါလိမ့်မယ်။ Cool Skin Tone ကတော့ သွေးကြော "ခရမ်းရောင်" ပိုင်ဆိုင်သူတွေ ဖြစ်ပြီး သွေးကြော "အစိမ်းရောင်" ပိုင်ဆိုင်သူတွေကတော့ Warm Skin Tone ဖြစ်ပါတယ်။ ဒီ Color Wheel မှာ ဆိုရင်လည်း Cool Skin Tone တွေက Cool Color ကို ရွေးချယ်နိုင်ပြီး Warm Skin Tone တွေကတော့ Warm Color တွေနဲ့ လိုက်ဖက်ပါတယ်။

(၂) အမိုက်စား Analogous Color အတွဲအစပ်

အရောင်အတွဲအစပ်မှာ လိုက်ဖက်တဲ့ အရောင်အတွဲအစပ် တစ်မျိုးကတော့ Analogous Color တွေ ဖြစ်ပါတယ်။ Analogous Color ဆိုတာ Color Wheel မှာ အနီးစပ်ဆုံးအရောင် တွေဖြစ်တဲ့ စိမ်းပြာ၊ အပြာ၊ အပြာ၊ ခရမ်း၊ ပြီးရင် အဝါ၊ အစိမ်း၊ အနီ၊ လိမ္မော် စသဖြင့် ကပ်ရက် အရောင်အတွဲအစပ်တွေကို ပြောတာပဲ ဖြစ်ပါတယ်။ ဒီ Analogous အရောင်တွေကလည်း လိုက်ဖက်တာဖြစ်လို့ အတူတွဲပြီး ဝတ်ဆင်နိုင်ပါတယ်။


(၃) အများနဲ့မတူ တမူထူးခြားနေမယ့် Complementary Color အတွဲအစပ်

ပြီးရင်တော့ Complementary Color တွေပါ။ Complementary Color ဆိုတာကတော့ ဆန့်ကျင်ဘက် အရောင်တွေပဲ ဖြစ်ပါတယ်။ Color Wheel မှာ ကြည့်လိုက်ပါ။ အဲဒီမှာ အစိမ်းနဲ့ အနီ၊ အဝါနဲ့ ခရမ်း၊ အပြာနဲ့ လိမ္မော်၊ အစိမ်းနဲ့ အနီ စသဖြင့် ဆန့်ကျင်ဘက်နေရာမှာ ရှိသမျှ အရောင်တွေကို ပြောတာပါ။ ဒီအရောင်တွေကို တွဲပြီး ဝတ်ဆင်တဲ့အခါမှာ အရောင်က လုံးဝကွဲပြားနေတာဖြစ်လို့ အူကြောင်ကြောင် နိုင်တယ် ဆိုပေမယ့် အများနဲ့မတူ တမူထူးခြားနေမယ့်​ အတွဲအစပ်အဖြစ် ပံ့ပိုးပေးနိုင်တဲ့ အရောင်အတွဲအစပ်ပါပဲနော်။


(၄) လူကြိုက်အများဆုံး Neutral Color အတွဲအစပ်

ပြီးရင်တော့ Neutral Color အတွဲအစပ်ပါ။ Neutral Color ဆိုတာ ခေတ်ရေစီးကြောင်း ဘယ်လောက်ပြောင်းပြောင်း မရိုးသွားတဲ့ အရောင်တွေပါ။ မနုလွန်း၊ မရင့်လွန်းဘဲ အခုနောက်ပိုင်း လူကြိုက်အများဆုံး အရောင်လေးတွေပါပဲ။ ဒီအရောင်တွေက Color Wheel က အရောင်တွေကို ပေါင်းစပ်ထားပြီး အဝါနုရောင်၊ အညိုနု၊ မီးခိုးရောင်၊ ခရင်မ်၊ အညို၊ အနက်၊ နဲ့ အဖြူရောင် စသဖြင့် အရိပ်အရောင်တွေအဖြစ် မြင်တွေ့ရပါတယ်။ ဒီ Neutral Color တွေကို ကြိုက်သလို ပေါင်းစပ်ပြီး ဝတ်ဆင်နိုင်ပါတယ်။ ဂျင်းဘောင်းဘီ အရောင်ဖျော့ဖျော့နဲ့ အလိုက်ဖက်ဆုံးကလည်း ဒီ Neutral Color တွေပဲ ဖြစ်ပါတယ်။

(၅) အထာကျလွန်းတဲ့ Monochrome အတွဲအစပ်

Monochrome ဆိုတာကတော့ အရောင်တစ်ရောင်တည်းကိုပဲ အနုကအရင့် သွားတဲ့အရောင်တွေပဲ ဖြစ်ပါတယ်။ အခုခေတ်မှာ Monochrome အရောင်တွေကလည်း အရမ်းကို ခေတ်စားနေတာပါ။ ဥပမာ - အညိုဆိုရင် အညိုနု အင်္ကျီ၊ ဘောင်းဘီကို အညိုနက် ဖိနပ်ကို အညို၊ အိတ် အညို စသဖြင့် အနုနဲ့ အရင့် တွဲပြီး ဝတ်ဆင်တာကို ပြောတာပါ။ Monochrome ကိုမှ ထပ်ဆန်းပြားပြီး ဝတ်ဆင်ဖို့ဆိုရင်တော့ Dress ပိုင်းကို Monochrome အနေနဲ့ ဆင်ယင်ဝတ်ဆင်ပြီး Accessories တွေနဲ့ အိတ်၊ ဖိနပ် ကို တော့ အရောင်တောက်တောက်လေးတွေ ဖြစ်တဲ့ ပန်းရောင်၊ အနီရောင်၊ အဝါရောင် တို့နဲ့ တွဲပြီး ဝတ်ဆင်နိုင်ပါသေးတယ်။

ကဲ... အရောင်တွေရဲ့ အကြောင်းနဲ့ လိုက်ဖက်တဲ့ အတွဲအစပ်တွေကို သိသွားပြီဆိုတော့ နောက်တစ်ခေါက်တွေမှာလည်း မတူတဲ့ သီအိုရီတွေနဲ့ ဖက်ရှင်မှာ အရေးကြီးတဲ့ အရောင်တွေကို ထပ်မံဝေမျှ ပေးသွားဦးမှာ ဖြစ်လို့ RENE Mattias ရဲ့ Website လေးမှာ ဖက်ရှင် Blog တွေကို လာရောက် ဖတ်ရှုဖို့ အတွက် Sign Up လုပ်ထားဖို့ မမေ့နဲ့နော်။