SIGN UP FOR THE NEWSLETTERS

Sign up for our newsletter and get the great deal right in you

အလုပ် Interview ဖြေဖို့အတွက် ဘယ်လိုဝတ်ဆင်သွားသင့်လဲ?

Home / Blogs / အလုပ် Interview ဖြေဖို့အတွက် ဘယ်လိုဝတ်ဆင်သွားသင့်လဲ?

Interview ဖြေတဲ့အခါ Professional Look တစ်ခုနဲ့ ကိုယ့်ကို အင်တာဗျူးလုပ်မယ့်သူတွေဆီကနေအကောင်းဆုံး First Impression ကိုရရှိနိုင်ဖို့က အရေးကြီးပါတယ်နော်။ အရည်အချင်းက ပိုအရေးကြီးတယ်ဆိုပေမယ့် ဝတ်သွားတဲ့ အဝတ်အစားဖက်ရှင် နဲ့ ကိုယ့်ရဲ့ Look အပေါ်မှာလည်း Interviewer တွေက အကဲဖြတ် အမှတ်ပေးတတ်တာမို့ ဘယ်လိုဖက်ရှင်မျိုးကို ရွေးချယ်သင့်လဲဆိုတာကို RENÉ Mattias မှ မျှဝေပေးသွားပါမယ်။

(၁) လုပ်ငန်းအလိုက် သင့်တော်တဲ့ အဝတ်အစားကို ရွေးချယ်ပါ။

ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ငွေကြေးလုပ်ငန်း စတဲ့ ကော်ပိုရိတ် ဆန်တဲ့ လုပ်ငန်းခွင်မျိုးမှာ အင်တာဗျူး ဖြေတဲ့အခါ ပုံမှန် ထသွားထလာ ပုံစံက အင်တာဗျူး လုပ်မယ့်သူတွေကို မျက်မှောင်ကြုတ် သွားနိုင်စေသလို နည်းပညာနဲ့ Creative ဆန်တဲ့ အလုပ်ခွင်မှာ အင်တာဗျူး ဖြေမယ် ဆိုရင်လည်း အရမ်းကြီး Frormal ဆန်လွန်းတဲ့အခါ လိုက်ဖက်ညီမှု မရှိနိုင်ပါဘူး။ ဒါကြောင့် ကိုယ်အင်တာဗျူး လုပ်မယ့် လုပ်ငန်းခွင်က ဘယ်လို အဝတ်အစားမျိုး ဝတ်ဆင်ကြလဲ ဆိုတာကို ကြိုတင် သိထားမယ် ဆိုရင်တော့ လိုက်ဖက်ညီအောင် လိုက်ပြီး ဝတ်ဆင် နိုင်ပါလိမ့်မယ်။

(၂) အရောင်ရွေးချယ်မှုကို အထူးဂရုပြုပါ။

အင်တာဗျူး လုပ်တဲ့အခါ အရောင်တောက်တောက် တွေက အင်တာဗျူး လုပ်မယ့် သူတွေဆီမှ အာရုံကို ကိုယ့်ရဲ့ အရောင်တောက်တောက် တွေအပေါ်ကို ရောက်သွား စေနိုင်ပါတယ်။ ဒါကြောင့် အင်တာဗျူး ဖြေတဲ့အခါ အညိုရောင်၊ မီးခိုးရောင်၊ အပြာရောင်၊ ဒါမှမဟုတ် အနက်ရောင် စတဲ့ အရောင်သိပ်မရှိတဲ့ အရောင်နုလေးတွေကို ရွေးချယ်သင့်ပါတယ်။ ဒီလို အရောင်နု လေးတွေကို ရွေးချယ်လိုက်ပြီ ဆိုရင်တော့ ဖက်ရှင်ကို ပံ့ပိုးပေးတဲ့ နားကပ်၊ လက်ဝတ်ရတနာ၊ အပေါ်ထပ် စတဲ့ ဖက်ရှင် Accessories မျိုးတွေကို ထပ်မံ ထည့်သွင်း ပေါင်းစပ်လိုက်ပါက တည်ငြိမ်ပြီး အထာကျတဲ့ အသွင်အဖြစ်သို့ ပံ့ပိုးပေးပါလိမ့်မယ်။

(၃) ထသွားထလာစတိုင်လ် ဝတ်ဆင်တဲ့အခါ Formal ဆန်တာနဲ့ တွဲပြီး ဝတ်ဆင်ပါ။

Creative နယ်ပယ်မှာ လုပ်ကိုင်ရမယ့် သူတွေအနေနဲ့ ကုမ္ပဏီက လွတ်လပ် ပွင့်လင်းတဲ့ ယဉ်ကျေးမှုရှိ လည်းပဲ အင်တာဗျူး သွားဖြေတဲ့အခါ မှာတော့ အရမ်းတိုလွန်းတဲ့ အဝတ်အစား၊ ဂျင်းဘောင်းဘီ အပြဲတွေနဲ့ ရှုပ်ပွနေတဲ့ အင်္ကျီစတိုင်လ် မျိုးတွေကို ရှောင်သင့်ပါတယ်။ ထသွားထလာ ပုံစံမျိုး ဝတ်သွား ချင်တယ် ဆိုရင်တောင် အရောင်တစ်ရောင်တည်း ရှိတဲ့ ဂါဝန်မျိုးကို Cardigan, ကုတ် စတာလေးတွေနဲ့ တွဲဝတ်နိုင်ပါတယ်။

(၄) ကိုယ့်ရဲ့အသွင် တစ်ခုလုံးကို အသေးစိတ် ပြင်ဆင်ပါ။

အင်တာဗျူး ဖြေတဲ့အခါ ကိုယ့်ရဲ့ အရည်အချင်းတွေကို အာရုံစိုက် စေချင်တာ ဖြစ်လို့ တခြားသော အရာများအပေါ် အာရုံ မစိုက်မိစေဖို့ ပြင်ဆင် သင့်ပါတယ်။ ဥပမာ - မိတ်ကပ်နဲ့ နှုတ်ခမ်းနီကို တောက်ပလွန်းတဲ့ အသွင် ပြင်ဆင် တာမျိုးကို ရှောင်ရှားပါ။ လက်သည်း တွေကို သန့်ရှင်း၊ သပ်ရပ်အောင် ညှပ်တာမျိုး၊ လက်သည်း ဆိုးဆေးကိုလည်း အရောင်ဖျော့ဖျော့ လေးတွေကို ရွေးချယ်ပြီး ဆိုးသင့်ပါတယ်။ နောက်ပြီး ဆံပင်ကိုလည်း ရှုပ်ပွနေအောင် မထားသင့်ဘဲ သပ်ရပ်တဲ့အသွင် ဖြီးလိမ်း သင့်ပါတယ်။‌ နောက်ပြီး အင်တာဗျူး လုပ်တဲ့သူတွေ စိတ်ရှုပ်သွားစေမယ့် ရေမွှေးအနံ့ ပြင်းပြင်းကိုလည်း မဆွတ်သွားဖို့ အထူးဂရုစိုက်ပေးပါ။ ဒီလို အသေးစိတ်ကအစ ဂရုစိုက်ပြီး ပြင်ဆင်သင့်ပါတယ်။ ဒီလို ပြုလုပ်ခြင်းက ကိုယ့်ကိုယ်တိုင်လည်း စိတ်ရှင်း စေသလို အင်တာဗျူး ပြုလုပ်တဲ့ သူတွေကိုလည်း အမြင်ရှင်း စေမှာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ကိုယ်အင်တာဗျူးဖြေမယ့် လုပ်ငန်းခွင်အလိုက် သင့်တော်တဲ့ဝတ်စားပုံကို သိလောက်ပြီ ထင်ပါတယ်။ RENÉ Mattiasမှာဆိုရင်လည်း Casual WearOffice Wear၊ Skirt၊ Blouse၊ Pants စသဖြင့် ဖက်ရှင်ဒီဇိုင်းမျိုးစုံကို ရွေးချယ်နိုင်တာမို့ ဘယ်လိုအင်တာဗျူးမဆို သင့်ကို ယုံကြည်ချက်အပြည့် ပေးစွမ်းနိုင်မှာပါ။