SIGN UP FOR THE NEWSLETTERS

Sign up for our newsletter and get the great deal right in you

Career အလိုက် ရွေးချယ်သင့်တဲ့ ဖက်ရှင်များ

Home / Blogs / Career အလိုက် ရွေးချယ်သင့်တဲ့ ဖက်ရှင်များ

ကိုယ့်ရဲ့စတိုင်လ်က ကိုယ့်ရဲ့ Career ကိုလည်း ကိုယ်စားပြုပါတယ်။ ဖက်ရှင်ကို မြတ်နိုးတဲ့ အမျိုးသမီးတွေအတွက်တော့ လုပ်ငန်းခွင်နဲ့ သင့်တော်တဲ့ ဖက်ရှင်ကို ရွေးချယ်ဝတ်ဆင်တတ်ခြင်းကလည်း အရည်အချင်းတစ်ခုပါပဲ။ ဒီတစ်ခါမှာတော့ Business၊ IT၊ Creative၊ Co-operate စသဖြင့် ကိုယ့်ရဲ့ Career အလိုက် ရွေးချယ်သင့်တဲ့ ဖက်ရှင်အမျိုးအစားတွေကို ပြောပြပေးသွားပါမယ်။

(1) Business

Business Wear for Woman Myanmar

စီးပွါးရေး လုပ်နေတဲ့ အမျိုးသမီးတွေ ဆိုတာ လုပ်ငန်းတစ်ခုကို ဦးဆောင် နေရသူ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Look ကိုလည်း ရင့်ကျက် တည်ငြိမ်ပြီး စမတ်ဖြစ်တဲ့ စတိုင်လ် မျိုးဖြစ်အောင် ရွေးချယ် ဝတ်ဆင်သင့် ပါတယ်။ ဒီလို လူတွေအတွက် လိုက်ဖက် အသင့်တော်ဆုံး ကတော့ Smart & Classic စတိုင်လ် ဖက်ရှင် တွေပါ။ ဥပမာပြောရရင် - လူကြီးဆန်ပြီး ကျော့ကျော့မော့မော့ရှိတဲ့ ဂါဝန်၊ ရိုးရှင်းတဲ့ Blouse အင်္ကျီနဲ့ မကျပ်လွန်းတဲ့ ဘောင်းဘီကို တွဲဝတ် တာမျိုးတွေ အပြင်၊ Over Accessories တွေ ဝတ်ဆင် ခြင်းတွေနဲ့ လိုက်ဖက် သင့်တော်ပါတယ်။ နောက်ပြီး ပရော်ဖက်ရှင်နယ် ဆန်တဲ့ အိတ်၊ ဖန်စီပစ္စည်း တွေထက် ရိုးရှင်းလှပတဲ့ လက်ဝတ်ရတနာ မျိုးတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့အသွင် ဖြစ်အောင် ပံ့ပိုးပေးနိုင်တယ်နော်။

(2) IT

Woman Programmer Fashion Myanmar

IT နယ်ပယ်မှာ လုပ်ကိုင်ကြသူတွေ အနေနဲ့ကတော့ အဝတ်အစား ရွေးချယ်ရာမှာ လွတ်လပ် ပေါ့ပါးတဲ့ ထသွားထလာ စတိုင်လ်, ဖရီးစတိုင်လ်, သက်သောင့် သက်သာ ဖြစ်စေတဲ့ စတိုင်လ် မျိုးတွေကို ရွေးချယ် ဝတ်ဆင် သင့်ပါတယ်။ ဒီလို စတိုင်လ် ဆိုပေမယ့်လို့ အားကစား ဝတ်စုံတွေ၊ အိမ်နေရင်း ပုံစံမျိုးတွေကို ပြောချင်တာ မဟုတ်ပါဘူးနော်။ ပေါ့ပါးပါးပါး ဖြစ်တဲ့ စတိုင်လ်မျိုးကို စမတ်ကျတဲ့ တခြားအစိတ်အပိုင်း တွေနဲ့ ပေါင်းစပ် ဝတ်ဆင်တာမျိုးကို ပြောတာပါ။ ဥပမာ - ပေါ့ပေါ့ပါးပါး အင်္ကျီနဲ့ ဂျင်းဘောင်းဘီကို အပေါ်က ကုတ်အင်္ကျီနဲ့ ဝတ်ဆင် လိုက်တာမျိုး၊ ဂျင်းစကတ် အရှည်ကို ရှပ်နဲ့ တွဲဝတ်တာမျိုး၊ နောက်ပြီး အပွင့်အခက် ဘလောက်စ် အင်္ကျီမျိုးတွေနဲ့ ဂျင်းဘောင်းဘီ အတွဲအစပ်လေး တွေနဲ့ လိုက်ဖက် ပါတယ်။ တစ်ခုက ဂျင်းဘောင်းဘီ ရွေးချယ်တဲ့အခါ အပေါက်အပြဲတွေကို ရှောင်ရှားပါ။ နောက်ပြီး Eye Shadow တွေနဲ့ မိတ်ကပ်တွေ အရောင်တောက် လွန်းတာကလည်း ဒီအဝတ်အစား စတိုင်လ်မျိုးတွေနဲ့ မလိုက်ဖက်တာမို့ သတိထားပါနော်။

(3) Creative

Creative Agency Woman Fashion Myanmar

Creative နယ်ပယ်မှာ လုပ်ကိုင် နေကြသူတွေဆိုတာ ကိုယ့်ရဲ့ ဖက်ရှင်ကို ထိန်းချုပ်ထားခြင်း မရှိဘဲ လွတ်လပ်စွာ ဝတ်ဆင်ဖို့အတွက် အခွင့်ကောင်းပါပဲ။ ကိုယ့်ကို ကြည့်လိုက်တာနဲ့ အများနဲ့မတူ ထူးခြားတဲ့ စတိုင်လ်တစ်ခုကို ဖန်တီးထား သင့်ပါတယ်။ အဝတ်အစား တွဲစပ် ဝတ်ဆင်တဲ့အခါ Formal မဆန်ဘဲ ဖရီးစတိုင်လ်ကိုမှ ကိုယ်ပိုင်ဟန်ပန်၊ Accessories လေးတွေနဲ့ ဖြည့်တင်းပြီး ဝတ်ဆင်ပါ။ အရောင်ဆန်းဆန်း အတွဲအစပ်တွေကို Layer တွေကစားပြီး ဝတ်ဆင်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ ဥပမာ - Crop Top ကို Straight ဘောင်းဘီတွေနဲ့ ဝတ်ဆင်ပြီး ဘလေဇာ ထပ်ကာ Sneaker ဖိနပ်နဲ့ စီးလိုက်တာမျိုး၊ နောက်ပြီး အဝတ်အစားကို အရောင်မှိန်တဲ့ ဖက်သွားပြီး ဖိနပ်ကို ပန်းရောင် တောက်တောက် (ဒါမှမဟုတ်) အနီရောင် တောက်တောက် စသဖြင့် ဆင်မြန်း လိုက်တာမျိုး၊ Slip Dress လို့ခေါ်တဲ့ ဖဲသား ကြိုးတစ်လုံး ဂါဝန်ကို ဆွယ်တာ လက်ရှည်နဲ့ ဝတ်လိုက်ပြီး Ankle Boot နဲ့ စီးလိုက်မျိုးက Creative နယ်ပယ်က RENÉ Mattias ချစ်သူလေး တို့အတွက် မိမိုက်လွန်းတဲ့ စတိုင်လ်မျိုးတွေ ဖြစ်စေမှာပါ။

(4) Co-operate

Corporate Business Wear Woman Fashion Myanmar

Corporate လုပ်ငန်းခွင်ဆိုတာ လူအများနဲ့ဆက်ဆံရတဲ့ လုပ်ငန်းခွင် ဖြစ်တာမို့ အဝတ်အစား ရွေးချယ် တော့မယ် ဆိုရင်တော့ ကြည့်လိုက်တာနဲ့ သပ်ရပ်ပြီး လှပနေတဲ့ Elegant & Smart ဖြစ်တဲ့ Look မျိုးကို ရွေးချယ် ဝတ်ဆင် သင့်ပါတယ်။ စတိုင်လ်ဘောင်းဘီ နဲ့ ကုတ်အင်္ကျီ၊ Pencil စကပ်နဲ့ ဘလောက်စ်အင်္ကျီ၊ နောက်ပြီး Tank Dress လို့ ခေါ်တဲ့ ကိုယ်ကျပ် ဂါဝန်အရှည်လေး တွေကို အပ‌ေါ်ထပ် လေးတွေနဲ့ ဝတ်ဆင်တဲ့ ဖက်ရှင်မျိုးနဲ့ လိုက်ဖက်ပါတယ်။ အဲဒါကိုမှ ထသွားထလာ စတိုင်လ်မျိုး ဖြစ်ချင်တယ် ဆိုရင်တော့ ပြောင်မဟုတ်တဲ့ အကွက်စတိုင်လ်ဘောင်းဘီကို ရှပ်လက်ရှည်နဲ့ တွဲဝတ်တာမျိုး လုပ်နိုင်ပါတယ်။ ခဲချွန်ဖိနပ်၊ ဒေါက်မြင့်ဖိနပ် လေးတွေကတော့ Corporate လုပ်ငန်းခွင်က RENÉ Mattias ချစ်သူတို့အတွက် မရှိမဖြစ်ပါပဲ။ နောက်ပြီး နှုတ်ခမ်းနီအရောင် တောက်တောက်ကို ရွေးချယ်မယ် ဆိုရင်လည်း လက်သည်းနီနဲ့ တခြားမိတ်ကပ် အရောင်ကို တင်ဖို့လည်း လုံးဝ မမေ့ဖို့ မှာချင်ပါတယ်။

ကဲ...ဒီလောက် ဆိုရင်တော့ လုပ်ငန်းခွင်အလိုက် လိုက်ဖက်အောင် ဝတ်ဆင်ဖို့အတွက် အကြံဉာဏ် ကောင်းလေးတွေ ရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်အလိုက် လိုက်ဖက်တဲ့ ဖက်ရှင်ကို သိရှိပြီး လှလှပပ၊ တက်တက်ကြွကြွ ရုံးတက်လိုက်ကြစို့နော်။