SIGN UP FOR THE NEWSLETTERS

Sign up for our newsletter and get the great deal right in you

မိန်းကလေးတိုင်း သိထားသင့်တဲ့ ဖက်ရှင်နဲ့ ပတ်သက်တဲ့ အချက်များ

Home / Blogs / မိန်းကလေးတိုင်း သိထားသင့်တဲ့ ဖက်ရှင်နဲ့ ပတ်သက်တဲ့ အချက်များ

ဖက်ရှင်ကို အမြဲစတိုင်လ်ကျ လှပနေအောင် ဝတ်စားတတ်ဖို့ဆိုတာ ထင်သလောက် မလွယ်ကူပါဘူးရှင်။ ဒါပေမယ့် အခုပြောပြပေးမယ့် ဖက်ရှင်နဲ့ ပတ်သက်တဲ့ အချက်တွေကိုသာ သိထားမယ်ဆိုရင် ကိုယ့်မှာရှိတဲ့ အဝတ်အစားတွေကို အချိန်တိုအတွင်း ရွေးချယ်ဝတ်ဆင်နိုင်ပြီး အမြဲဖက်ရှင်ကျလှပနေမှာ အသေအချာပါပဲရှင်။ "ဖက်ရှင်မှာ Queen" ဖြစ်ဖို့ သိထားသင့်တဲ့ အချက်လေး‌တွေ

 

(၁) ကိုယ့်ရဲ့ စတိုင်လ်ကို ရှာဖွေပါ။

ကိုယ့်ကိုယ်ကို ကိုယ်ပိုင် စတိုင်လ် မရှိဘူးလို့ ထင်တယ် ဆိုရင်တော့ ပထမဆုံး လုပ်ရမှာက ဖက်ရှင်နဲ့ ပတ်သက်ပြီး ဘယ်သူ့ကို Inspire အဖြစ်ဆုံးလဲ ဆိုတာကို ပြန်ကြည့်ဖို့ လိုပါတယ်။ ကိုယ် Inspire ဖြစ်တဲ့ မင်းသမီး ဒါမှမဟုတ် ဘလော်ဂါ တွေကို သတိထား ကြည့်ပါ။ သူတို့ ဝတ်ဆင်တဲ့ စတိုင်လ်တွေက ကိုယ်အမြဲ ဝတ်ဆင်ချင်တဲ့ ကိုယ့်ရဲ့ စတိုင်လ်တစ်ခု ဖြစ်နိုင်ပါတယ်။ ပြီးရင်တော့ ဆိုရှယ် မီဒီယာပေါ်မှာနဲ့ တခြား ဝက်ဘ်ဆိုက် တွေမှာ သိမ်းဆည်း ထားမိတဲ့ စတိုင်လ်မျိုး တွေဟာလည်း ကိုယ်ဝတ်ဆင်ချင်တဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်စတိုင်လ် ဖြစ်နိုင်ပါသေးတယ်။ နောက်ထပ် သိနိုင်တဲ့ တစ်ချက်ကတော့ နေ့စဉ် ဝတ်ဆင်လေ့ရှိတဲ့ အဝတ်အစားတွေကို ရွေးချယ်ရာမှာ ကိုယ့်ကို သက်သောင့်သက်သာ ဖြစ်စေပြီး စိတ်ကျေနပ်မှု ပေးတယ်ဆိုရင် ဒါက အမြဲရွေးချယ် ဝတ်ဆင်ဖြစ်တဲ့ "ကိုယ့်ရဲ့ ကိုယ်ပိုင်စတိုင်လ်" လို့ ဆိုနိုင်ပါတယ်။ ဥပမာ - ဂျင်းဘောင်းဘီနဲ့ တီရှပ်? ဂါဝန်လေးတွေလား? Style Pant တွေလား? ဘာကို အနှစ်ခြိုက်ဆုံးလဲ? ပြန်စဉ်းစား ကြည့်ပါနော်။

 

(၂) အရည်အသွေး ကောင်းတဲ့ Basic Wear တွေ ဝယ်ယူပါ။

Basic Wear ဆိုတာ တစ်ထည်တည်းနဲ့ ပုံစံ မျိုးစုံ ဝတ်ဆင် နိုင်ပြီးတော့ နေ့တိုင်း ဝတ်လို့ အဆင်ပြေတဲ့ အဝတ်အစား မျိုးတွေကို ပြောတာပါ။ ရုံးတက်မလား? မီတင်တက်မလား? ရုံးနဲ့ ဆိုင်တဲ့ ဘယ်လို နေရာနဲ့မဆို လိုက်ဖက်ပြီး တခြားသော ကုတ်, ဘလေဇာ တွေနဲ့ပဲ ဝတ်ဝတ်၊ Layer တွေနဲ့ပဲ ဝတ်ဆင်မလား? အဆင်ပြေတဲ့ အဝတ်အစား မျိုးကို ပြောတာပဲ ဖြစ်ပါတယ်။ ဒီလို Basic Wear တွေ ဝယ်ယူတဲ့အခါ အရည်အသွေး ကောင်းကောင်းလေး ဝယ်ယူဖို့အတွက် မနှမြောပါနဲ့နော်။ ဘာကြောင့်လဲ ဆိုရင်တော့ အရည်အသွေး ကောင်းမွန်တဲ့ Basic Wear တွေကို ဝယ်ယူထားရုံနဲ့ ကုတ်, ဘလေဇာ, ဆွယ်တာ, ဂျက်ကက် တွေနဲ့ Accessories တွေကို ပြောင်းပြီး ထပ်တလဲလဲ ဝတ်ဆင်နိုင်တဲ့အပြင် ကြည့်လိုက်တာနဲ့ ကိုယ့်ဖက်ရှင်က ဈေးကြီးမယ့် ပုံပဲလို့ ထင်ရအောင် ဝတ်ဆင် နိုင်တာကြောင့် ဖြစ်ပါတယ်။

 

(၃) အမိုက်စား ဖက်ရှင်အတွက် Monochrome Look

အပေါ်အောက် တွဲစပ်ဝတ်ဆင်ရာမှာ အရောင် တစ်မျိုးတည်းကို အသုံးပြုပြီး ဝတ်ဆင်တာက အလွန်လွယ်ကူပြီး အထာကျစေတဲ့ Monochrome Look ပဲ ဖြစ်ပါတယ်။ Monochrome Look ကို ဘယ်လို ဝတ်ဆင် နိုင်မလဲ ဆိုရင်တော့ အရောင်တူကိုမှ အနုက‌နေ အရင့်ဖက်ကို ဝတ်ဆင်တာ မျိုးပါ။ ဥပမာ - ခရမ်းရောင် ဆိုရင်လည်း အင်္ကျီကို ခရမ်းနု၊ ဘောင်းဘီကို ခရမ်းရင့် ဝတ်ဆင်ပြီး အိတ်နဲ့ ဖိနပ်ကိုလည်း ခရမ်းရောင် Monochrome Pallete ထဲက အရောင် တွေကိုသာ ရွေးချယ် ဝတ်ဆင်တာမျိုး ဖြစ်ပါတယ်။ Monochrome look ကို ဘယ်လို သိနိုင်မလဲ ဆိုရင်တော့ ကိုယ်ရှာဖွေ ချင်တဲ့ အရောင်ကို Google မှာ "Monochrome Pallete" ဆိုတဲ့ Keyword လေး ရိုက်ပြီး ရှာလို့ ရတယ်နော်။ အခု ခေတ်စား နေတဲ့ Monochrome Look လေး တွေကတော့ အဖြူရောင်၊ သနပ်ခါးရောင်၊ အညိုရောင်၊ အညိုနုလေးတွေနဲ့ ခရမ်းနု စတဲ့ မှိန်တဲ့ဖက် သွားတဲ့ အရောင်လေးတွေ ဖြစ်လို့ ဒီ Blog လေးကို ဖတ်ပြီးရင်တော့ ကိုယ့်ရဲ့ Monochrome look ကို အမိုက်ဆုံး ဖြစ်အောင် ရွေးချယ် ဝတ်ဆင်လိုက်တော့နော်။

 

(၄) ဖက်ရှင်ကို ပိုမိုက်အောင် ပံ့ပိုးပေးတဲ့ Accessories တွေကို မမေ့ပါနဲ့။

တခါတလေမှာ အဝတ်အစားတွေကို သေသေချာချာ ရွေးချယ် ဝတ်ဆင်ပြီးမှ တစ်ခုခု လိုအပ်နေသလို ခံစားရတာ ဘာကြောင့်လဲ သိလား? Accessories တွေ မဆင်မြန်း ရသေးတာကြောင့် ဖြစ်နိုင်ပါတယ်။ ဖက်ရှင်မှာ အထာကျ သူတိုင်းက Accessories တွေရဲ့ ပံ့ပိုးမှုနဲ့ ပိုမို မိမိုက်အောင် ပြင်ဆင်တတ် ကြပါတယ်။ ဂါဝန်အရှည်၊ စကပ်အရှည်လေးတွေ ဆိုရင် ဒေါက်မြင့် လေးတွေနဲ့ စီးတာမျိုး၊ စကပ်အတိုလေးတွေ၊ ဘောင်းဘီ အတိုလေးတွေ ဆိုရင်တော့ ဘွတ်နဲ့မှ လိုက်ဖက်ညီ တာမျိုးတွေက Accessories ရဲ့ အရေးပါမှုကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ကိုယ်က ရိုးရိုးရှင်းရှင်း အဝတ်အစားကို ရွေးချယ် ထားတယ် ဆိုရင် နားကပ်အကြီးကြီးနဲ့ ဆင်မြန်း လိုက်ပါကလည်း ကိုယ့်ရဲ့ ဖက်ရှင်ကို ပြီးပြည့်စုံ သွားစေနိုင်ပါတယ်။ နောက်ပြီး ဖက်ရှင်အမျိုးမျိုးအတွက် လိုက်ဖက်တဲ့ ပုဝါလေးတစ်ထည် ဝယ်ထားဖို့လည်း မမေ့ပါနဲ့။ ဆိုတော့... Accessories တွေ ဖြစ်တဲ့ နားကပ်၊ ဖိနပ်၊ အိတ်နဲ့ ပုဝါတွေကို လိုက်ဖက်ညီစွာ ထည့်သွင်း ဝတ်ဆင်ပြီး သင့်ရဲ့ ဖက်ရှင်ကို လှပအောင် ပံ့ပိုးနိုင်တယ် ဆိုတာ RENÉ Mattias က သတိပေး လိုက်ပါရစေရှင်။

 

(၅) အရောင်တွေနဲ့လည်း ဖက်ရှင်ကျလို့ ရပါတယ်။

ဖက်ရှင်ကျတဲ့ သူတစ်ယောက် ဖြစ်ဖို့ ဆိုရင် အရောင် အတွဲအစပ် မှန်ကန်ဖို့လည်း လိုအပ်ပါတယ်။ မလိုက်ဖက်တဲ့ အရောင်တွေကို ရွေးချယ် မိရင်တော့ ဖက်ရှင်ကျဖို့ မလွယ်ကူ တဲ့အပြင် ကိုယ့်ရဲ့ ဖက်ရှင်ကို ရုပ်ဆိုး သွားစေမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဖက်ရှင်နဲ့ အရောင် ဆိုတာကလည်း ခွဲလို့မရတာမို့ အရောင်နဲ့ ပတ်သက်ပြီး အလွယ်ကူဆုံး နည်းလမ်းလေး တစ်ခုကို ပြောပြပါရစေ။ အဲဒါကတော့ နေ့စဉ် ဝတ်ဆင်နေတဲ့ Outfit မှာ အဖြူနဲ့ အနက်က လွဲပြီး အရောင် (၃) ရောင်ထက် ပိုပြီး မဝတ်ဆင်တဲ့ "Three Colour Rule" ပဲ ဖြစ်ပါတယ်။ အဖြူနဲ့ အနက်က Shade (အရိပ်) အရောင် အဖြစ် သတ်မှတ်တာ ဖြစ်လို့ အရောင်အဖြစ် ထည့်သွင်းခြင်း မရှိတာမို့ နံပါတ် (၄) ရောင်အနေနဲ့ ဆင်မြန်း နိုင်ပါတယ်။ ဥပမာ - အင်္ကျီကို အဖြူ၊ ကုတ်ကို ခရင်မ်၊ စကပ်ကို ကြက်သွေး စသဖြင့် ဆင်မြန်းလိုက်ပြီ ဆိုရင် အဝတ်အစား မှာတင် (၃) ရောင် ပြည့်သွားပြီ ဖြစ်လို့ Accessories တွေ ဖြစ်တဲ့ ဖိနပ်နဲ့ အိတ်ကိုတော့ အနက်ရောင်၊ အဖြူရောင်တို့နဲ့ တွဲစပ် လိုက်ပါက လိုက်ဖက်ညီတဲ့ ဖက်ရှင်တစ်ခု ဖြစ်သွားမှာ ဖြစ်ပါတယ်။

 

(၆) ခန္ဓာကိုယ် အချိုးအစားအလိုက် မျှမျှတတ ဝတ်ဆင်ပါ။

ခန္ဓာကိုယ် အချိုးအစား အလိုက် အပေါ်အောက် မျှမျှတတ ဝတ်ဆင် တတ်ဖို့လည်း ဖက်ရှင်ကျသူ တစ်ယောက် ဖြစ်ဖို့ အရေးကြီးတယ်နော်။ ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားကို သိချင်တယ် ဆိုရင်တော့ အားကစား ဝတ်စုံတွေလို ကိုယ်ကျပ် ဝတ်ဆင်ရတဲ့ အင်္ကျီနဲ့ ဘောင်းဘီကို ဝတ်ဆင်ပြီး အချိုးအစားကို ကြည့်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီလို ခန္ဓာကိုယ် အချိုးအစားကို သိပြီးပြီ ဆိုရင်တော့ အဝတ်အစား ဝတ်ဆင်ရတာ ပိုပြီး အထာကျ စေမှာ မလွဲမသွေပါပဲနော်။ ဥပမာ - သင်က အပေါ်ပိုင်း ကြီးတယ် ဆိုရင် အပေါ်ပိုင်းကို အကျပ်ဝတ်ဆင်ပြီး အောက်ပိုင်းကို အကားဖက် သွားတာမျိုးနဲ့ တွဲပြီး ဝတ်သင့်ပါတယ်။ အရပ်ပုတယ် ဆိုရင်လည်း ဂါဝန်အတိုလေးတွေ၊ စကပ်အတိုလေးတွေနဲ့ ပိုပြီး လိုက်ဖက်တာမျိုးပဲ ဖြစ်ပါတယ်။ နောက်ပြီး ခန္ဓာကိုယ် အချိုးအစား အလိုက် ဘယ်လို ဝတ်ဆင် ရမလဲ ဆိုတာကို RENÉ Mattias ရဲ့ Blogs Session က ဒီ Link - လေးမှာ ဖတ်ရှုနိုင်ပါတယ်။ နောက်ပြီး ဘယ်လို ခန္ဓာကိုယ်ပဲ ဖြစ်ဖြစ် Self-Confidence က အရေးကြီးဆုံး ဆိုတာ မမေ့ပါနဲ့နော်။

 

နောက်ထပ်လည်း ဖက်ရှင်နဲ့ ပတ်သက်တဲ့ အမိုက်စား အချက်တွေကို RENÉ Mattias ရဲ့ Blogs Session မှာ အခုလိုပဲ ဝေမျှပေးသွားဦးမှာ ဖြစ်လို့ www.renemattias.com မှာ Sign Up လေး လုပ်ထားပြီး ဖက်ရှင်နဲ့ ပတ်သက်တဲ့ အကြံဉာဏ်လေးတွေ ရယူနိုင်ပါပြီ။