SIGN UP FOR THE NEWSLETTERS

Sign up for our newsletter and get the great deal right in you

သွားမယ့် နေရာပေါ်မူတည်ပြီး လိုက်ဖက်တဲ့ Fashion ကိုဘယ်လိုရွေးချယ်မလဲ?

Home / Blogs / သွားမယ့် နေရာပေါ်မူတည်ပြီး လိုက်ဖက်တဲ့ Fashion ကိုဘယ်လိုရွေးချယ်မလဲ?

အခုလို ဖက်ရှင် ရေစီးကြောင်းက တစ်ဟုန်ထိုး တိုးတက်လာချိန်မှာ တစ်နေရာရာ သွားဖို့ဆိုရင် ဘာလေး ဝတ်ရမလဲ ဆိုတာ တခါတလေ စဉ်းစားရ ကျပ်ပါတယ်။ ဖက်ရှင်ဆိုတာ ကိုယ့်ရဲ့ ပုံစံကို အများကြီး ပြောင်းလဲစေတာမို့ အမျိုးသမီးတို့ အနေနဲ့ ဖက်ရှင်မှာ လုံးဝကျရှုံးလို့ မဖြစ်ပါဘူးနော်။ ဒါကြောင့် နေရာနဲ့ လိုက်ဖက်ပြီး ဘယ်လို ရွေးချယ် ဝတ်ဆင်ရမလဲ ဆိုတဲ့ အလွယ်ကူဆုံး နည်းလေးတွေကို RENÉ Mattias မှ ပြောပြ ပေးသွားမှာ ဖြစ်ပါတယ်။

 

(၁) ပါတီများ

ပါတီပွဲတွေက အမျိုးမျိုး ရှိတာမို့ ပွဲအလိုက် ရွေးချယ် ဝတ်ဆင်တတ်မှသာ ဖက်ရှင်ကျသူ တစ်ယောက် ဖြစ်စေမှာပါ။ ဥပမာ - ဒင်နာဆိုရင်တော့ မမေ့သင့်တာက ဘလင်း ဘလင်း လေးတွေပါပဲ။ ဒင်နာပွဲက ခမ်းနားတယ် ဆိုရင်တော့ ဖဲသား ဒါမှမဟုတ် ကတ္တီပါလို ပြောင်ပြောင် လက်လက် Midi Dress လေး တစ်ထည်ကတော့ အသင့်တော်ဆုံး ပါပဲနော်။ သာမန် Night Out အနေနဲ့ ဆိုရင်တော့ အရောင်တောက်တောက် လေးကို ရွေးချယ် ဝတ်ဆင်တာက အားလုံးကြားထဲ ထင်းနေစေမှာပါ။ နောက်ပြီး အရည်အသွေး ကောင်းတဲ့ အနက်ရောင် ဒူးတိ ဂါဝန်တစ်ထည် ရှိရင်လည်း ပါတီပွဲတွေအတွက် သင့်တော်ပါလိမ့်မယ်။ ရုံးပါတီ ပွဲမျိုး ဆိုရင်တော့ အနီရောင် တောက်တောက် ဂါဝန်လေးက သင့်တော်တယ်ဆိုတာ မမေ့ပါနဲ့။ အဝတ်အစားကို အနီရောင် ဆင်ပြီးတဲ့အခါ ဖိနပ်ကို ခဲရောင်ဖက်သွားတဲ့ ရှူးဖိနပ်လေးနဲ့ တွဲပြီး လက်ဝတ်ရတနာ လေးတွေနဲ့ ဆင်မြန်းလိုက်ပါက ပြီးပြည့်စုံ သွားစေမယ့် ရုံးတက်ပါတီ ဖြစ်စေမှာပါ။ အရမ်းကြီးတဲ့ ပါတီပွဲမျိုး မဟုတ်ဘူး ဆိုရင်တော့ Lace Top လေးနဲ့ ဂျင်းဘောင်းဘီကို ရှူးဖိနပ်လေးနဲ့ တွဲလိုက်ပါက ပါတီတွေအတွက် လိုက်ဖက်တဲ့ အတွဲအစပ်တွေ ဖြစ်နေစေမှာပဲ ဖြစ်ပါတယ်။

 

(၂) ဒိတ်လုပ်တဲ့အခါ

အချစ်နဲ့ ဒိတ်ဖို့ဆိုရင်တော့ ဖက်ရှင် ရွေးချယ်ရတာ ခေါင်းအစား ရဆုံးပဲ မဟုတ်လား? ဒီတော့ အကြံပေးချင်တာက ဝတ်နေကျ ပုံစံအတိုင်း အမြဲမဝတ်ဖို့ပါပဲ။ တစ်မျိုးလေး ထူးပြီး ဝတ်ဆင်တာက ချစ်သူရဲ့ အာရုံစိုက်မှုကို ရရှိစေမှာ အသေအချာ ပါပဲနော်။ ကိုယ်က မိန်းကလေး အရမ်းမဆန်ဘူး ဆိုရင်တောင် ချစ်သူနဲ့ ဒိတ်တဲ့အခါ မိန်းကလေး ဆန်တာမျိုး ဝတ်ဆင် နိုင်ပါတယ်။ ပြီးရင်တော့ အရောင်နုနုလေး တွေကိုလည်း ရွေးချယ်ပါ။ အရောင်နုနု လေးတွေက ပျော်ရွှင်တဲ့ Look ကို ပေါ်လွင်စေသလို ပိုနုပျိုတယ် ထင်ရစေပါတယ်။ ကိုယ်က ဖက်ရှင် အသစ်အဆန်းတွေကို ဝတ်နေကျ မဟုတ်ဘူး ဆိုရင်တော့ ကိုယ့်ကို သက်သောင့် သက်သာ ဖြစ်စေမယ့် အဝတ်အစားမျိုးကို ရွေးချယ် ဝတ်ဆင်တာ အကောင်းဆုံး ပါပဲ။



(၃) ဟိုနားဒီနား သွားဖို့ဆိုရင်

ဒီအချိန်မှာတော့ ဖက်ရှင်စည်းမျဉ်းတွေကို သိပ်ဂရုစိုက်စရာ မလိုပါဘူး။ ပေါ့ပေါ့ပါးပါး တီရှပ်လေး တစ်ထည်နဲ့ ဘောင်းဘီအတိုလေး တွဲဝတ်ပြီး Sneaker စီးလိုက်တာနဲ့ သွားဖို့ အသင့်ပါပဲ။ ဂါဝန်အတိုလေး တစ်ထည် ဝတ်ဆင်ပြီး ဆံပင်စီးရုံ ဖက်ရှင်ကလည်း သင့်ကို ချစ်စရာ ကောင်း‌စေမှာပါ။ စကတ်အတိုကို Crop Top လေးနဲ့ဆိုရင်လည်း ဟိုနား ဒီနားသွားဖို့ လိုက်ဖက်လွန်း ပါတယ်နော်။ နောက်ပြီး Jumpsuit ဝတ်စုံလေးတွေ၊ အိုဗာဆိုဒ် တီရှပ်နဲ့ ဂျင်းဘောင်းဘီ၊ ကော်လာရှပ်အင်္ကျီ ခါးရှည်၊ အဖြူရောင် တီရှပ်တွေနဲ့ Cardigan လေးတွေကိုလည်း ဟိုနားဒီနား သွားဖို့ ဖက်ရှင်အတွက် ရွေးချယ် ဝတ်ဆင်နိုင်ပါတယ်။

 

(၄) ခရီးသွားတော့မယ်ဆိုရင်

ခရီးသွားတော့မယ် ဆိုရင်တော့ အမျိုးသမီးတွေအတွက် အလုပ်ရှုပ်ဆုံးအချိန်ပါ။ သွားမှာက နှစ်ရက်ဆိုရင် ဆယ်စုံလောက် ယူသွားတတ်ကြသူတွေ ဖြစ်ပါတယ်။ ဘယ်ရက်မှာ ဘာဝတ်ရမလဲ ရွေးရတာလည်း အမောပါပဲ။ ဆိုတော့.. ခရီးသွားတော့မယ် ဆိုရင်တော့ ပထမဆုံး သွားမယ့်နေရာနဲ့ လိုက်ဖက်မယ့် အရောင်ကို အရင်စဉ်းစားပါ။ ပြီးရင်တော့ စတိုင်လ်ပါ။ ဥပမာ - ကမ်းခြေ သွားမယ် ဆိုရင် အရောင်အနေနဲ့ အဖြူရောင်၊ အပြာရောင်လေးတွေက အပေါ်လွင်ဆုံးပါပဲ။ စတိုင်လ်အနေနဲ့ကတော့ ဂါဝန်အလွင့်လေးတွေ၊ ဘောင်းဘီတိုနဲ့ တီရှပ်အဖြူလေးတွေနဲ့ဆို ဂေါ်လို့ရပါပြီရှင်။

 

ကဲ… ဆိုတော့ အမျိုးသမီးတို့ရေ.. ဘယ်လိုအချိန်အခါမျိုးမှာပဲဖြစ်ဖြစ် လိုက်ဖက်ညီပြီး ကြည့်ကောင်းအောင် ဝတ်ဆင်တတ်ဖို့က အရေးကြီးတယ် ဆိုတာ အားလုံးလည်း သိပြီးသားပါ။ ဒါကြောင့် ကိုယ့်ရဲ့ ဖက်ရှင်စတိုင်ကို အမြဲရှာဖွေလေ့လာပြီး RENÉ Mattias ရဲ့ အသစ်သစ်သော ဖက်ရှင်တွေနဲ့ ထပ်မံပေါင်းစပ် ဖန်တီးကြည့်ကြဖို့ အကြံပေးလိုပါတယ်နော်။